အုတ်တွင်းမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အကြို ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်း၊ ငါးလွှတ်ခြင်းနှင့်သန့်ရှင်းရေးများကုသိုလ်ပြုဆောင်ရွက်

အုတ်တွင်း     နိုဝင်ဘာ   ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့်(၃၄)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆိုပါဌာနမှဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းခြင်း၊ မြတ်မိုဃ်းကောင်းဘုရားဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ငါးလွှတ်ခြင်းများကို ယနေ့နံနက်ပိုင်းက ကုသိုလ်ပြုဆောင်ရွက်ခဲ့သည်။

အဆိုပါစုပေါင်းသွေးလှူဒါန်းခြင်း၊ မြတ်မိုဃ်းကောင်းဘုရားရင်ပြင်ပရဝဏ်အတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကိုကိုနှင့်ဝန်ထမ်းများက စုပေါင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် သွေးလှူဒါန်းပေးသည့်ဝန်ထမ်းများအား အားပေးကြည့်ရှုခဲ့ပြီး လိုအပ်သော ဖြည့်စွက်အာဟာရများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)