ကျွန်းလှမြို့နယ်၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား Myanmar Fitness Dance သင်တန်းဖွင့်လှစ်သင်ကြား

ကျွန်းလှ နိုဝင်ဘာ ၁           

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေရန်ရည်ရွယ်၍ Myanmar Fitness Dance သင်တန်းကို အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူများအား စာသင်ချိန်မပျက် Myanmar Fitness Dance ကို အခြေခံကစ၍ သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးကျော် တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ပတ် (၃)ပတ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အခြေခံပညာကျောင်းများအား ဘောလုံး ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ အေရိုးဗစ်၊ Myanmar Fitness Dance စသည့် အားကစားနည်းများ သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ