အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ကြက်မောက်-ဇီးတောလမ်း ကျောက်ချောလမ်း ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Nov 01,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ အခြေခံပညာဆရာဆရာမများအား ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က မိတ္ထီလာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာများ တက်ရောက်ခဲ့ကြောင်း ကြကြောင်းသိရသည်။
Nov 01,2022
၂၀၂၂ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်(၈)နာရီက ပြင်ဦးလွင်မြို့၊ ဓမ္မရတီကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရား)  အနီးအရှိ မီးပုံးပျံကွင်းအတွင်း၌ ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Nov 01,2022
မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက တစ်မျိုးသားလုံး ကျန်းမာရေး၊ လူထုအားကစားလှုပ်ရှားမှုနှင့် အားကစားပညာပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် အသိပညာပေးဟောပြောပွဲနှင့် အားစကားပစ္စည်းများပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 01,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                   
Nov 01,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်လောင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် အသိပညာ​ပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အ​​ရှေ့ရပ်တွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Nov 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အာစရိယ ပူဇော်ပွဲနှင့်အတူ ကလေးများအ တွက် ပျော်ပွဲရွှင်ပွဲအဖြစ် မျက်နှာဖုံးပွဲတော်ကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိသည်။
Nov 01,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် စီမံခန့်ခွဲမှု စွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့   နံနက် ၉နာရီခွဲက အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ပြုလုပ်သည်။