ရပ်စောက် အ-ထ-က(၂)ကျောင်း၌ အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် မျက်နှာဖုံးပွဲတော် ကျင်းပပြုလုပ်

ရပ်စောက် နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အာစရိယ ပူဇော်ပွဲနှင့်အတူ ကလေးများအ တွက် ပျော်ပွဲရွှင်ပွဲအဖြစ် မျက်နှာဖုံးပွဲတော်ကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိသည်။

အာစရိယပူဇော်ပွဲတွင် ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဆရာ၊ ဆရာမများအား ဩကာသ ကန်တော့ချိုးဖြင့် သံပြိုင်ရွတ်ဆို၍ ကန်တော့ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းနှင့် ဆရာ၊ ဆရာမများက ဆုံးမဩဝါဒစကားများ ပြန်လည် ပြောကြားခဲ့ကြသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးမှ မျက်နှာဖုံးပွဲတော်အား ဖွင့်လှစ်ပေးခဲ့ကာ ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများက မိမိကြိုက်နှစ်သက်ရာ မျက်နှာဖုံးများစွပ်၍ မျက်နှာဖုံးပွဲ တော်အား ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပြီး အ-ထ-က(၂) ရပ်စောက်ကျောင်းအနေဖြင့် ကလေးများ ကျောင်းနေပျော်မှ စာတော်စေနိုင်မည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူလေးများအား ပျော်ရွှင်စေရန်ရည်ရွယ် ချက်ဖြင့် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။     

မြို့နယ် (ပြန်/ဆက်)