စီမံခန့်ခွဲမှု စွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ချမ်းအေးသာစံ  နိုဝင်ဘာ ၁

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် စီမံခန့်ခွဲမှု စွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့   နံနက် ၉နာရီခွဲက အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းဦးက စီမံခန့်မှုဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားလာစေရန်၊ သင်ကြားသင်ယူမှုများ မှန်ကန်ထိရောက်ရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြား ပြီးနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပို့ချပေးသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ၃ ဦးမှ ပို့ချပေးမှာဖြစ်ပြီး ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ဆရာ၊ ဆရာမကြီး ၅၀ ဦး တက်ရောက်ခဲ့ကြောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများ၊ ခေါင်းဆောင်မှုဆိုင်မှုဆိုင်ရာ အကြောင်းအရာများ၊ နိုင်ငံဝန်ထမ်း ဥပဒေ နည်းဥပဒေများ၊ သင်ကြားသင်ယူမှုများစသည့် အကြောင်းအရာများကို နိုဝင်ဘာလ ၁ ရက်နေ့ နှင့် ၂ရက်နေ့ထိ ၂ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်