အမြို့မြို့အနယ်နယ်သတင်းများ

Nov 02,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား ယနေ့နံနက် ၈ နာရီအချိန်က အခြေခံစားသောက်ကုန်ပစ္စည်း (၄)မျိုး ထောက်ပံ့ပေးအပ်ကြသည်။
Nov 02,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အသက်(၁၀)နှင့်အထက် ကလေးငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျူတောဝကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 02,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 02,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီက ပြည်သူ့ဆေးရုံရှိ ဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
Nov 02,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၂၂)ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပညာရေးစစ်ကျောင်းမှ အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးရေးမှူး (တာဝန်ခံ) ဒေါ်ဥမ္မာကြည်နှင့် ကျန်းမာရေးစစ်ကျောင်းမှ အဖွဲ့ခေါင်းဆောင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူဝင်းတို့ ဦးဆောင်သော ကျန်းမာရေးစစ်ကျောင်းနှင့် ပညာရေးစစ်ကျောင်းတို့ပူးပေါင်းကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီက တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး(Talk Show)ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 02,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် (၃၂)ကြိမ်မြောက် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်း ယနေ့နံနက် ၉ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။