အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အဆင့် ကလေးသူငယ်များဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီအစည်းအဝေးကို  မြိုနယ်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ စာရေးဝန်ထမ်းများဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
Nov 03,2022
ကယားပြည်နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းကို ယနေ့နံနက်ပိုင်းက ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တည်ဆောက်ရေးလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အခြေခံပညာဦးစီးဌာန၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အထက(ပန်းတင်)အခြေခံပညာအထက်တန်းကျောင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။
Nov 03,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှူလျော့ချရေး လုပ်ငန်းစဉ်တစ်ခုအဖြစ် အခမဲ့ ဖွင့်လှစ်ခဲ့သည့် သက်မွေးအထောက်အကူပြု ဝရိန်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 03,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က တောင်စွန်းကျေးရွာ ကွင်းအမှတ် (၆၅၉/A) စံပြစပါး စိုက်ခင်းတွင် ကျင်းပခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Nov 03,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (၂၅)ကြိမ် မြောက် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာရှိ ဝါးတောဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပခဲ့သည်။