အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2022
သန်လျင်ခရိုင်၊ ခရိုင်အဆင့်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု GBV အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီက လှည်းကူးအခြေခံပညာအထက်တန်းကျောင်းစာဖြေဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 29,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် အိမ်ကန်ကျေးရွာအုပ်စု၊ အိမ်ကန်ကျေးရွာ မြဘုရင်ဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။
Nov 29,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တို့ ပူးပေါင်းပြီး လူငယ်များဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း ရွှေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ဇီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ရတနာပုံမန္တလေးကျောင်းတိုက်မှ ဆရာတော်ဦးဥတ္တရမှဦးဆောင်၍ အ.ထ.က(မြို့မ)ကျောင်းနှင့်အ.မ.က ဇီးကုန်းလေးကျောင်းတို့မှ မူလတန်းအရွယ်ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့က အဟာရနို့ဆန်ပြုတ်နှင့် မုန့်များကျွေးမွေးလှူဒါန်းခဲ့သည်။
Nov 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၂)နှစ်နှင့်အထက် ကိုရင်သာမဏေများအား လှည်းကူးမြို့နယ်၊ ချမ်းမြေ့ဇေယျာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် လိန်ကုန်းကျေးရွာအုပ်စု နိဂြောဓာရုံဘုန်းတော်ကြီး ကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း​​ဆောင်ရွက်ခဲ့ ကြသည်။
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီက ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အထက်တန်း၊ အလယ်တန်းကျောင်းသားများမှ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။