Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးမြို့၊ မြို့တော်ခန်းမတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနားကျင်းပ
Nov 29,2022
၂၀၂၂ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်စင်ကိုကို၊ တိုင်းဒေကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးကိုဆောင်ရွက်လျက်ရှိသော အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်များဖြန့်ဝေ…
Nov 29,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့ နံနက်ပိုင်းက မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ်ကွက်၊ သလ္လာ၀တီလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်အုပ်ချုပ်ရေးစစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး စစ်ကြောင်း၊ ကာကွယ်ရေးစစ်ကြောင်းတို့မှ ဦးစီး၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆီနှင့် ကြက်ဥများအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ဆက်လက်ဖြန့်ဖြူး ရောင်းပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့လယ်ပိုင်းက ပန်းတောင်းမြို့နယ်တွင် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 29,2022
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တို့ ပူးပေါင်းပြီး စားသုံးသူ အခွင့်အရေးများ သိရှိနားလည်သဘောပေါက်ပြီး စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)ရှိ ရွှေလုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဒေသခံပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကျေးလက်ဒေသများသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဆိတ်ဖူးကျင်းကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ (၆၃၀၄၂) ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးဖြစ်
Nov 29,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများအပြင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်လွဲ (၁) နာရီတွင် ကျောင်းသား/ ကျောင်းသူ (၆၃၀၄၂) ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
Nov 29,2022
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ၀န်ထမ်းများက နို၀င်ဘာ (၂၉) ရက် နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တင်ဒါအောင်မြင်သော ကန်တွင်းကျေးရွာကုန်ထုတ်လမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
Nov 29,2022
ကချင်ပြည်နယ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13673
Page
13674
Page
13675
Page
13676
Current page
13677
Page
13678
Page
13679
Page
13680
Page
13681
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department