နတ်တလင်း နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ဇီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ရတနာပုံမန္တလေးကျောင်းတိုက်မှ ဆရာတော်ဦးဥတ္တရမှဦးဆောင်၍ အ.ထ.က(မြို့မ)ကျောင်းနှင့်အ.မ.က ဇီးကုန်းလေးကျောင်းတို့မှ မူလတန်းအရွယ်ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့က အဟာရနို့ဆန်ပြုတ်နှင့် မုန့်များကျွေးမွေးလှူဒါန်းခဲ့သည်။
အဆိုပါနို့ဆန်ပြုတ်နှင့် မုန့်များကျွေးမွေးလှူဒါန်းရာသို့ ရတနာပုံမန္တလေးကျောင်းတိုက်ဆရာတော်နှင့်တပည့်ဒါယိကာ၊ ဒါယိကာမများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများမှ ပါဝင်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး အ.ထ.က(မြို့မ)ကျောင်းမှကျောင်းသား၊ ကျောင်းသူ(၆၄၉)ဦး၊ အ.မ.ကဇီးကုန်းလေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၀၇)ဦးတို့အား ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)