ဝေါမြို့တွင် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

ဝေါ နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီက ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အထက်တန်း၊ အလယ်တန်းကျောင်းသားများမှ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ထိုသို့ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာတွင် (ပထမနေ့)၌ ရေးဖြေစစ်ဆေးမှုကို မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းများမှ အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူ(၃၂)ဦး၊ ဒသမတန်းကျောင်းသား၊ ကျောင်းသူ(၁၇)ဦးနှင့် ဧကာဒသမတန်းမှ ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၆၆)ဦး၊ မြန်မာစာနှင့်အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအား မြို့နယ်ပညာရေးမှူးရုံးတွင်လည်းကောင်း၊ နိုဝင်ဘာ (၃၀) ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ဝေါမြို့နယ်အားကစားဘောလုံးကွင်းတွင်လည်းကောင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဦးကြည်စိုးထံမှ သိရသည်။

အောင်မြတ်လင်း (ပြန်/ ဆက်)