တံတားဦး နိုဝင်ဘာ ၂၉
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် အိမ်ကန်ကျေးရွာအုပ်စု၊ အိမ်ကန်ကျေးရွာ မြဘုရင်ဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများ၊ ကျေးရွာပြည်သူ့လုံခြုံရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများကိုလည်းကောင်း၊ အဖွဲ့ဝင်ဗိုလ်မှူးသန်းနိုင်ဦးက နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် မြို့နယ်အတွင်း ပြည်သူများလုံခြုံရေးများကိုလည်းကောင်း၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံဆွေးနွေး၌ ဒေသခံပြည်သူများက ကျေးရွာအလိုက် ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ ရေရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအစရှိသည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ တက်ရောက် လာကြသည့် ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရဲတင့်