သန်လျင်မြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးသင်တန်း ဖွင့်လှစ်

သန်လျင် နိုဝင်ဘာ ၂၉

သန်လျင်ခရိုင်၊ ခရိုင်အဆင့်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု GBV အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအောင်မြင့်က အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာကာလ လှုပ်ရှားမှုများကို အမျိုးသမီးကော်မတီများဦးဆောင်၍ လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း၊ သန်လျင်ခရိုင်အတွင်း Gender၊ CEDAW.NSPAW နှင့် GBV အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် GBV သင်တန်းကိုတက်ရောက်ကြမည့်သင်တန်းသူများ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် သန်လျင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သီတာအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်းက GBV အသိပညာပေးသင်တန်းအစီအစဉ်များ အား ရှင်းလင်းဆွေးနွေးသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု GBV အသိပညာပေးသင်တန်းသို့ သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်အမျိုးသမီးကော်မတီများမှ သင်တန်းသူ (၃၀) ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)