လှည်းကူး နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီက လှည်းကူးအခြေခံပညာအထက်တန်းကျောင်းစာဖြေဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါမြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးကို မြို့နယ်အတွင်းရှိ အထက်တန်း၊ အထက်တန်းကျောင်း(ခွဲ)နှင့် အလယ်တန်းကျောင်းများမှကျောင်းသား၊ ကျောင်းသူများဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာတွင် ရေးဖြေစာမေးပွဲအဖြစ်ပထမပိုင်းတွင် မြန်မာစာ၊ ဒုတိယပိုင်းတွင်အင်္ဂလိပ်စာကို လှည်းကူးမြို့နယ်အတွင်းရှိ အထက်တန်းနှင့်အလယ်တန်းကျောင်းများမှကျောင်းသား၊ကျောင်းသူ(၉၁)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများကိုနိုဝင်ဘာ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအား လှည်းကူးအခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ နိုဝင်ဘာ(၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)