အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်းသီးနှံမျိုးစေ့ထုတ်စမ်းသပ်ကွက်စံပြစိုက်ပျိုးကြမည့် တောင်သူများသို့ ဆောင်းသီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့များပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 29,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းလျက်ရှိပြီး ယခင်နှစ်ထက် စပါးဈေးပိုမိုရရှိကြောင်း စပါးစိုက်တောင်သူများထံမှ သိရှိရသည်။
Nov 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အောက်ဆင်ကူးကျေးရွာတွင် တည်ဆောက် လျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
Nov 29,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဆီကုန်သည် အသင်းဝင်များဖြင့်ပူးပေါင်း၍ ဇေယျာသီရိမြို့နယ်၊ရေဆင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
Nov 29,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ ဒုတိယနေ့အဖြစ် အထွေထွေဗဟုသုတဘာသာရပ်ကို ယနေ့နံနက် (၉) နာရီက မာန်အောင် အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ စာမေးပွဲဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
Nov 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မြို့ပေါ် စက်သုံးဆီဆိုင်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ခရိုင်/မြို့နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ မြို့နယ်အတွင်းတရားမဝင် ကုန်စည်နှင့်ကုန်သွယ်မှုများ မရှိစေရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆိုင်များအား လိုက်လံစစ်ဆေး ဆောင်ရွက်ကြသည်။
Nov 29,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
Nov 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ စက်မှုလက်မှုအထက်တန်းကျောင်းတွင် ယနေ့နံနက်  ၉ နာရီ ၃၀ မိနစ် အချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီးနောက် ဒုတိယရဲမှူး တင်မောင်မြင့်မှ လူကုန်ကူးမှုနှင့်လူမှောင်ခိုအကြောင်းအရာများကိုလည်းကောင်း၊