အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ရေကျော်ကျေးရွာအုပ်စု ၊ရေကျော်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် Gone Shein Htet Co Ltdမှ တာဝန်ယူဆောင်ရွက်နေသော ၄.၅(၆၀၀)တွင်းနက်တူးဖော်ခြင်း၊ ဂါလန်၂၄၀၀ဆံ့ စင်မြင့်ရေစင်(၁၀x၁၀x၄)ဆောက်လုပ်ခြင်းနှင့်
Nov 24,2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 24,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက် (၉)နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-5)နှင့် (Grrade-9) အဆင့် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယာယီမြို့နယ်ပညာရေးမှူး ဒေါ်ခင်မာလာက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (Grade-5)နှင့် (Grrade-9) အဆင့်တွင် ကျောင်းသား/ကျောင်းသူ (၁၀)ဦးအောက်ရှိသော ကျောင်းများအနေဖြင့် စာမေးပွဲများ ဖြေဆိုရာတွင် နီးစပ်ရာကျောင်းများတွင်တွဲ၍ ဖြေဆိုရမှာဖြစ်ကြောင်းနှင့် စာမေးပွဲမကျင်းပမီ ဆောင်ရွက်ရန်လုပ်ငန်းများအကြောင်းများ ရှင်းလင်းပြောကြားခဲ့သည်။
Nov 24,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမတွင် ယနေ့နံနက်ပိုင်းက တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ ဆင်းပွဲအခမ်းအနားကျင်းပသည်။
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၌ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှ တိုးတက်မြင့်မားရေးကော်မတီမှ ဘိုကလေးမြို့နယ်အတွင်းရှိ ဒေါင့်ကြီးကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာအုပ်စုနှင့် ထော်ပိုင်ကျေးရွာအုပ်စုတို့ရှိ နေကြာစိုက်ပျိုးမည့် တောင်သူများအား ယနေ့နံနက်(၉) နာရီခွဲအချိန်၌ နေကြာမျိုးစေ့ပေးအပ်ပွဲ ကျင်းပသည်။
Nov 24,2022
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ြဖစ်သည့် ရန်ကုန်မြို့၌ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းပြီး ဘေးကင်း လုံခြုံသည့် ရန်ကုန်မြို့တွင်း ဘတ်စ်ကားဝန်ဆောင်မှုတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ယနေ့မွန်းလွဲပိုင်း အချိန်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံး၌ ကျင်းပသည့် YBS ယာဉ်မောင်းများ ယာဉ်အန္တရာယ် ကင်းရှင်းရေးဆွေးနွေးပွဲ အမှတ်စဉ် (၁၃/၂၀၂၂)တွင် ယာဉ်ထိန်းတပ်ဖွဲ့စု (၂၅)မှ ဒုရဲမှူးအေးသန်းနှင့် ဝန်ထမ်းများက YBS ယာဉ်မောင်းများအနေဖြင့် သိသင့်သိထိုက်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသိပညာပေး‌ ဟောပြောခဲ့သည်။
Nov 24,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် ၂၀၂၂ ခုနှစ် ယမန်နေ့နံနက် ၉ နာရီအချိန်က ရေအသုံးချသူများအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။