အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာ၊ ကျောက်တောင်ကျေးရွာ၌ မိုးစပါးစံပြ ကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ ကျောက်တောင်ကျေးရွာ  ကွင်းအမှတ် (၆.ခ)၊  ဦးပိုင်အမှတ် (၂၂၃/၃)ရှိတောင်သူ ဒေါ်ငွေဝင်း၏လယ်တွင် ဆင်းသုခ မိုးစပါးစံကွက်ကြီး(အကွက်ကြယ်) (၆၆)ပေ ရိတ်သိမ်းခဲ့ရာ စပါးအစိုထွက်နှုန်း (၉၇)တင်းနှုန်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။
Nov 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စု၊ အင်းမကျေးရွာရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီနှင့် ဦးအုန်းမြင့် ရော်ဘာခြံများတွင် Pestalotiopsis  ရော်ဘာရွက်ကြွေရောဂါ ကျရောက်ခြင်းရှိ/မရှိကို ယနေ့နံနက် (၉)နာရီအချိန်က စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းနှင့်ခြံရှင်များက ရော်ဘာရွက်ကြွေများကို နမူနာကောက်ယူပြီး  ဓါတ်ခွဲခန်းသို့ ပို့ ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 24,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Youth Club) အသင်းဝင်များစုပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခင်စုစုစံနှင့် မြနှင်းရည်ရှိန် မြန်မာပြန်ဆိုရေးသားသည့် “နှလုံးသားဖြင့်နားဆင်ပါ” သုတစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
Nov 24,2022
၂၀၂၂ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသများနှင့် ခရိုင်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
Nov 24,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်အမှတ်(၁၆)ရပ်ကွက်ရှိ ပြည်သူများအားနိုဝင်ဘာ ၂၄ ရက်နေ့တွင်ကျရောက်သည့်ကမ္ဘာ့ အပ်စိုက်ကုနေ့နှင့် မြန်မာအပ်စိုက်ကုနေ့ကို ကြိုဆိုသောအားဖြင့် သိဒ္ဓိအောင် ရိုးရာတိုင်းရင်းဆေးကုသရေးအသင်းမှ မြန်မာတိုင်းရင်း ဆေးနှင့်အပ်စိုက်ကုဆေး ပညာတို့ဖြင့်အမှတ်(၁၆)ရပ်ကွက်ရန်ပြေ မာန်ပြေသာမဏေကျော် စာသင်တိုက်တွင်နိုဝင်ဘာ ၂၃ ရက်နေ့မှ၂၅ ရက်နေ့အထိအခမဲ့ ကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်၊
Nov 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ အောင်ပန်းကျေးရွာ၌ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Nov 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းအရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအပြင် ပြည်သူလူထုတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက ဟွေးကျေးရွာအုပ်စု၊  လွယ်ဆင်ကျေးရွာသို့ စစ်ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။