အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2022
 ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသထွက်တန်ဖိုးကြီးမားသည့် ဆေးမြစ်ဆေးဥများဖြစ်သည့် ရှီးပတီ၊ မချစ်ဥနှင့် ခန်းတောက်မြစ်များထွက်ရှိသည့်အပြင် လမ်ဘ(ခေါ်)တရုတ်ပေးချီသည်လည်း တန်ဖိုးကြီးမားသည့် ဆေးဥတစ်မျိုးထွက်ရှိလျက်ရှိရာ ယခင်နှစ်ထက်ဈေးကောင်းရရှိသဖြင့် လမ်ဘ(ခေါ်)တရုတ်ပေချီ ရှာဖွေသူဒေသခံပြည်သူများ တစ်ဖက်တစ်လမ်းဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Nov 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယမန်နေ့က အဆိုပါကျောင်း၌ ကျင်းပသည်။
Nov 24,2022
 ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုတို့ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အ.ထ.က (ကဝ) ‌ဆရာကျော့ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍  လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
Nov 24,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ထူးချွန်ထက် မြက်သောကျောင်းသား/သူ များပေါ်ထွန်းလာ စေရေးအတွက် ၂၀၂၂- ၂၀၂၃ခု နှစ်ပညာသင်နှစ် Grade-5 အတန်းမှ Grade-9 အတန်းအထိ အင်္ဂလိပ်ဘာသာရပ်နှင့် သင်္ချာဘာသာရပ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 24,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရန်၊ ဆီနှင့်ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁၃)ရပ်ကွက်ရှိ ပြည်သူများအားရောင်းချပေးခဲ့ကြောင်း သိရသည်။
Nov 24,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့နေ့လယ်၁၂ နာရီအချိန်က MobilLibrary မော်တော်ယာဉ်ဖြင့်  သံတွဲခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများသို့ သွား ရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ သုတ/ရသ စာအုပ်များကို ငှားရမ်းပေးခဲ့သည်။
Nov 24,2022
ဒီဇင်ဘာလ ၃ ရက်​နေ့မှာ ကျ​ရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ​နေ့ အထိမ်းအမှတ်အကြိုလှုပ်ရှုားအဖြစ် ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် မျက်မမြင်​ကျောင်း၌ သီချင်းဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲများကို ယ​နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။