သံတွဲမြို့၌ Mobil Library မော်တော်ယာဉ်ဖြင့်ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်၍စာအုပ်အငှားဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဆောင်ရွက်

သံတွဲ    နိုဝင်ဘာ ၂၄

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့နေ့လယ်၁၂ နာရီအချိန်က MobilLibrary မော်တော်ယာဉ်ဖြင့်  သံတွဲခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများသို့ သွား ရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ သုတ/ရသ စာအုပ်များကို ငှားရမ်းပေးခဲ့သည်။

ထိုသို့ငှားရမ်းရာတွင် ဌာနဆိုင်ရာဝန်ထမ်းများမှ အားရဝမ်းသာစွာဖြင့် MobilLibrary မော်တော်ယာဉ် သို့ လာရောက်ပြီး သုတ/ရသစာအုပ်များကိုငှါးယူကြရာ တစ်ယောက်လျှင်နှစ်အုပ်နှုန်းဖြင့်တစ်ပတ်ကြာ ငှားရမ်းပေးခဲ့ပြီး အသင်းဝင်စာငှားကတ်များကိုလည်း အခမဲ့ဆောင် ရွက်ပေးခဲ့သည်။

ယခုကဲ့သို့ ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေပြီး စာပေဖတ်ရှုမှုပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ စာအုပ်စာပေများ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသူများကို ရည်ရွယ်ပြီး ယခုလို ဌာနဆိုင်ရာများအရောက် ကွင်းဆင်းငှားရမ်းပေးခြင်း ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်