အမြို့မြို့အနယ်နယ်သတင်းများ

Dec 12,2022
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအနက် မည်သည့်အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစားကိုမဆို နှစ်ကြိမ် (သို့) သုံးကြိမ်ထိုးနှံထားပြီးသူများကို MyanCopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက် (၁၀)နာရီအချိန်က ထပ်ဆောင်းထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။
Dec 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ(၁၁)ရက် မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
Dec 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်စေရန်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြစ်သားမြို့နယ် ကျွဲတပ်ကျေးရွာအုပ်စု ကျွဲတပ်ကျေးရွာရှိ ဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Dec 12,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးသုံးစွဲမှုစနစ်တကျရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက် အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးခဲ့သည်။
Dec 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအား လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယမန်နေ့မွန်းလွှဲ(၃)နာရီအချိန်က ဒီဇင်ဘာအားကစား လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
Dec 12,2022
ရန်တုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရွှေနံ့သာစံပြကျေးရွာမှ တောင်သူကြီး ဦးအောင်ချမ်းနှင့် ဒေါ်တင်စိန်တို့ပိုင် ကွင်းအမှတ် - ၅၃၁ ဦးပိုင် ၁၅၁ လယ်မြေ (၁၃.၀)ဧက၌ ယနေ့နံနက် (၈)နာရီအချိန်က နွေစပါးများ စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Dec 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။