ကြည့်မြင်တိုင်မြို့နယ် မျက်မမြင်​ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ​နေ့ အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကြည့်မြင်တိုင် နိုဝင်ဘာ  ၂၄

ဒီဇင်ဘာလ ၃ ရက်​နေ့မှာ ကျ​ရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ​နေ့ အထိမ်းအမှတ်အကြိုလှုပ်ရှုားအဖြစ် ရန်ကုန်တိုင်း​ဒေသကြီးအလုံခရိုင်ကြည့်မြင်တိုင်မြို့နယ် မျက်မမြင်​ကျောင်း၌ သီချင်းဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲများကို ယ​နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကြည့်မြင်တိုင်မျက်မမြင်​ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမာ၊ ခဝဲခြံမျက်မမြင်​ကျောင်က ဆရာမ ဒေါ်ဂျူအယ်​ဖောတို့က အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ခဝဲခြံမျက်မမြင်​ကျေားင်မှ ကျောင်းသား၊​ ကျောင်းသူများ၊ ကြည့်မြင်တိုင်မျက်မမြင်​ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ခွန်းအားဖြည့်သီချင်းများကို သီဆို​ဖျော်​ဖြေခဲ့ကြသည်။

ထို့​နောက် သီချင်းဆိုပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်​ ကျောင်းသား၊ ကျောင်းသူ များက သီဆိုယှဉ်ပြိုင်ခဲ့​ကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ​နေ့အကြို လှုပ်ရှားမှုအခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ကြည့်မြင်တိုင်မျက်မမြင်​ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမာက က​လေးများမှာ စွမ်းရည်​တွေရှိတယ်၊ ရည်ရွယ်ချက်​တွေ၊ ပန်းတိုင်​တွေရှိတယ် အဲ့ဒီရည်ရွယ်ချက်​တွေ ပန်းတိုင်​တွေကို ဖော်ထုတ်ပြသ​ပေးခြင်းဖြစ်​ကြောင်း၊ က​လေးများအား​ ပျော်ရွှင်​စေချင်​ကြောင်း၊ အများပြည်သူက မသန်မစွမ်းလို့သိထား​ပေးမယ့် တစ်ကယ်ကသူတို့မှာ ကျွန်မတို့နဲ့မတူတဲ့ စွမ်းအား​တွေရှိ​ကြောင်း၊ ဒါ​ကြောင့်မို့ မသန်​သော်လည်းစွမ်း​ကြောင်းကို သိရှိ​စေခြင်​ကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်​ပေးခဲ့​ကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ ဖိတ်ကြားထား​သော ဧည့်သည်​တော်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)