သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့် အင်္ဂလိပ်ဘာသာ ရပ်နှင့်သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကျင်းပ

သပိတ်ကျင်း  နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ထူးချွန်ထက် မြက်သောကျောင်းသား/သူ များပေါ်ထွန်းလာ စေရေးအတွက် ၂၀၂၂- ၂၀၂၃ခု နှစ်ပညာသင်နှစ် Grade-5 အတန်းမှ Grade-9 အတန်းအထိ အင်္ဂလိပ်ဘာသာရပ်နှင့် သင်္ချာဘာသာရပ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲတွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အင်္ဂလိပ်စာဘာသာရပ်တွင် Grade-5 မှ Grade9အထိ ကျောင်းသား / ကျောင်းသူ ( ၃၆)ဦး၊သင်္ချာဘာသာတွင် Grade-5မှGrade-9 အထိ ကျောင်းသား/ ကျောင်းသူ( ၄၁)ဦး စုစုပေါင်း( ၇၇)ဦးဖြေဆိုခဲ့ကြကာနှုတ်စွမ်းရည်​ဖြေဆိုခြင်းများလဲပါဝင်ဖြေဆိုရမည်ဖြစ်သည်။

၎င်းဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ ကျောင်းသား/ကျောင်းသူများကို မြို့နယ်ကိုယ်စားပြုအဖြစ် တိုင်းဒေသကြီးအဆင့်တွင် ဆက်လက်ဖြေဆို သွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)