ရွှေပြည်သာ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရန်၊ ဆီနှင့်ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁၃)ရပ်ကွက်ရှိ ပြည်သူများအားရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဆီ(တစ်ပိဿာ)၄၄၅၀ ကျပ်၊ ကြက်ဥ(၁၀)လုံး ၁၇၅၀ ကျပ် တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်၊
ပြည်သူများလွတ်လပ်စွာဝယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း