ကဝ နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အ.ထ.က (ကဝ) ဆရာကျော့ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းနှင့် Grade-8 ကျောင်းသူ မခင်ချမ်းမြေ့တို့က ဆောင်ရွက်၍ Grade-8 မှ မဝင့်နဒီမေဦးက လူငယ်တို့သည် နိုင်ငံအတွက်အရေးပါပုံ၊ Grade-8မှ မဆောင်းနှင်းဖြူက လူငယ်နှင့် မူးယစ်ဆေးဝါး၊ Grade-8 မှ မောင်နေသူလွင်က လူငယ်နှင့်ကိုဗစ်-၁၉၊ Grade-8 မှ မထက်ထက်ခိုင်က လူကုန်ကူးမှုတိုက်ဖျက်ရေးတို့ကို အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြ သည်။
အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အားကစားဦးစီး၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်းအင်အား (၂၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)