အမြို့မြို့အနယ်နယ်သတင်းများ

Dec 06,2022
နေပြည်တော်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအကြမ်းဖက်မှုမှ ကင်းဝေးစေရန်အတွက် (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် Gender Based Violence (GBV) အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်ကလေးပြုစုရေးဌာနခန်းမ၌ ကျင်းပရာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၏ ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၏ ဇနီးများ၊ နေပြည်တော်အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီအတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ ခရိုင်အမျိုးသမီးကော်မတီဝင်များ၊ မန္တလာရောင်စဉ်အသင်းမှ စာရေးဆရာမ ဒေါ်သက်သက်နွယ်၊ နေပြည်တော်တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
Dec 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ နယ်၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့၌ မှတ်ပုံတင်ထားသော ဆန်စက်များအနက် Gasi Fire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက်များအား ယမန်နေ့က စစ်ဆေးခြင်း များဆောင်ရွက်ခဲ့သည်။
Dec 06,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပ​ဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဒေသခံကျေးရွာ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ခရိုင်/မြို့နယ် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာသုံးရွာသို့ ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Dec 06,2022
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားပွဲနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက် မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၂နာရီက ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 05,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်ကမြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 05,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့ သီလဝခန်းမ၌ (၂၀၂၂) ခုနှစ် ကမ္ဘာ့ခုခံးအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
Dec 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းသူများအား  အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
Dec 05,2022
ကရင်ပြည်နယ်မြဝတီ၊ခရိုင်စုကလိမြို့တွင် ယာဥ်မောင်းသူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း အသိပညာပေး Talk Show အား ယနေ့နံနက် ၁၀ နာရီက စုကလိမြို့နေပြည်သူများယာဥ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်းတတ်စေရန်နှင့် စည်းကမ်းနှင့်မောင်းနှင်ပါမှ ဘေးအန္တရာယ်ကင်း စိတ်ချမှုရှိစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခဲ့သည်။