Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေပြည်သာမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယ)အကြိမ်ထိုးနှံ
Dec 06,2022
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၅)မှ (၁၂)နှစ်အထိ ကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်) စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်( ၈)ရပ်ကွက်ရှိ ကလေးများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်၊
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ(၁၂၁၈) အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၉၀၅)ဦးတို့ကို Myancopharm၊ Sinovacထိုးနှံ
Dec 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm၊ Sinovac (၁၂-၁၈) အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို Myancopharm (၆၂၀)ဦး၊ Sinovac (၂၈၅)ဦး ပေါင်း(၉၀၅)ဦးထိုးနှံကြသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်
Dec 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မွေးမြူရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့ အ.ထ.ကကျောင်းများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော
Dec 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးများ အကြမ်းဖက်မှုမှကင်းဝေးစေရန်အတွက် (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် Gender Based Violence (GBV) အသိပညာပေးအခမ်းအနား ကျင်းပ
Dec 06,2022
နေပြည်တော်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအကြမ်းဖက်မှုမှ ကင်းဝေးစေရန်အတွက် (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် Gender Based Violence (GBV) အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်ကလေးပြုစုရေးဌာနခန်းမ၌ ကျင်းပရာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၏ ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၏ ဇနီးများ၊ နေပြည်တော်အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီအတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ ခရိုင်အမျိုးသမီးကော်မတီဝင်များ၊ မန္တလာရောင်စဉ်အသင်းမှ စာရေးဆရာမ ဒေါ်သက်သက်နွယ်၊ နေပြည်တော်တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်၌ Gasi Fire အသုံးပြုလည်ပတ်သော ဆန်စက်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Dec 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ နယ်၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့၌ မှတ်ပုံတင်ထားသော ဆန်စက်များအနက် Gasi Fire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက်များအား ယမန်နေ့က စစ်ဆေးခြင်း များဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဒေသခံကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ
Dec 06,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဒေသခံကျေးရွာ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ခရိုင်/မြို့နယ် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာသုံးရွာသို့ ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 06,2022
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားပွဲနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက် မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၂နာရီက ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13393
Page
13394
Page
13395
Page
13396
Current page
13397
Page
13398
Page
13399
Page
13400
Page
13401
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department