မြန်အောင် ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ နယ်၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့၌ မှတ်ပုံတင်ထားသော ဆန်စက်များအနက် Gasi Fire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက်များအား ယမန်နေ့က စစ်ဆေးခြင်း များဆောင်ရွက်ခဲ့သည်။
မြန်အောင်မြို့နယ်အင်ပင်မြို့ ဥက္ကာကြယ်ဆန်စက်နှင့် သပြေကုန်းကျေးရွာအုပ်စု သပြေကုန်းကျေးရွာ ဆန်းဝင့်ကျော်ဆန်စက်အတွင်း Gasi Fire အသုံးပြု၍ ဆန်စက်လည်ပတ်မှုအခြအနေ၊ လျှပ်စစ်ဓါတ်အားထွက်ရှိမှု အခြေအနေ၊ ရေဆိုးစွန့် ပစ်မှု အခြေအနေ၊ ရေလှောင်ကန်ထားရှိသည့် အခြေအနေနှင့် ဆန်ထွက်ရှိမှု အခြေအနေများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)