စုကလိမြို့တွင် ယာဥ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း အသိပညာပေး Talk Show ပြုလုပ်

စုကလိ  ဒီဇင်ဘာ   

ကရင်ပြည်နယ်မြဝတီ၊ခရိုင်စုကလိမြို့တွင် ယာဥ်မောင်းသူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း အသိပညာပေး Talk Show အား ယနေ့နံနက် ၁၀ နာရီက စုကလိမြို့နေပြည်သူများယာဥ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်းတတ်စေရန်နှင့် စည်းကမ်းနှင့်မောင်းနှင်ပါမှ ဘေးအန္တရာယ်ကင်း စိတ်ချမှုရှိစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ ရုံးမှ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဦးကိုကိုအောင်က ယာဥ်မောင်းတစ်ဦးတွင် ယာဥ်မမောင်းခင် စစ်ဆေးဆောင်ရွက်ရမည့်အချက်များမိမိကိုယ်ပိုင် ယာဥ်မောင်းလိုင်စင်ပါမပါစစ်ဆေးခြင်း၊ မောင်းနှင်း ရာတွင်မိမိသာမက ပြည်သူလူထုပါ လုံခြုံမှုရရှိရေး အလေးထားမောင်းနှင်ကြစေရန်၊ ယာဥ်မောင်းတစ်ဦးတွင် မိမိကိုယ်တိုင်စည်းကမ်းလိုက်နာမောင်းနှင်မှသာ ယာဥ်အန္တရာယ် ကင်းရှင်းကြမည်ဖြစ်ကြောင်းနှင့်၊ အငယ်တန်းစာရေးအင်အား(ပြ) ဒေါ်စိုးမို့မို့ဌေးက တစ်လမ်း မောင်း စနစ်များအား ရှင်းပြခြင်း၊ ယာဥ်မရပ်ရ နေရာများတွင် ရပ်ထားမိပါက အရေးယူခံရနိုင်သည့် ပုဒ်မများအကြောင်း၊ ဂငယ်ဂွေ့တွင် လိုက်နာရမည့်အချက်များ ယာဥ်မောင်းနင်စဥ်အတွင်း အချက်ပြမီးများအား မှန်ကန်စွာပြသနိုင်ခြင်း မိမိအမှားကြောင့် တစ်ဖက်လူတွင် ထိခိုက်မည့် အချက်အလက်များအား အပြန်အလှန် ဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးTalk Show အား We Love Sukali Page တွင် အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုပိုအောင်