ဘူးသီးတောင်မြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ဘူးသီးတောင် ဒီဇင်ဘာ ၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်ကမြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးစစ်ကြောင်းမှအဖွဲ့ ခေါင်းဆောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးဦးဆောင်၍ စစ်ကြောင်း ၅ ကြောင်း တွင်ပါဝင်သော ဌာနဆိုင်ရာများ ပူးပေါင်းကာဘူးသီးတောင် မြို့နယ်ရွာမကျေးရွာသို့ ကွင်းဆင်း ကာပြည်သူများအား နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်း အသီးသီးမိတ်ဆက်ခဲ့ကြပြီး စည်းရုံးရေးစစ်ကြောင်းမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီ းဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းက အိမ်ထောင်စုစာရင်းများနှင့်ပတ်သတ်၍ အသိပညာပေး ပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ (အခမဲ့) ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စစ်ကြောင်း ၅ ကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများက ရွာမကျေးရွာအတွင်း ကွန်ကရစ် လမ်းဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)