အမြို့မြို့အနယ်နယ်သတင်းများ

Dec 06,2022
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်  ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 06,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 06,2022
လမ်းမတော်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 06,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံတောင်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြ၍ နှစ်ရှည်သီးနှံပင်မျိုးစုံအား စိုက်ပျိုးကြသည့်အနက် ကော်ဖီသီးနှံနှင့် (ချဉ်ပေါင်) ဖာလာကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။
Dec 06,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေး၌ စားသောက်ကုန်ပစ္စည်းများ အရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့က စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သွားရောက်စစ်ဆေးခဲ့ကြသည်။
Dec 06,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ဒီဇင်ဘာ ၂ ရက်နေ့မှ စ၍ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီစဉ်ဖြင့် မြို့တွင်းသို့ ဆန်နှင့်ကြက်ဥတို့ကို စျေးနှုန်းသက်သာစွာဖြင့် လိုက်လံရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်( ၄)ရပ်ကွက်ရှိ ပြည်သူများအား ဆန်တစ်ပြည်ငွေကျပ် ၁၅၀၀ိ\-ကြက်ဥ (၁၀) လုံး ငွေကျပ် ၁၅၀၀ိ\-နှုန်းဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Dec 06,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် သဝင်ချောင်း-အ.ထ.က ကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 06,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် စီပွားရေးရာဝန်ကြီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်နေမှု အခြေအနေတို့အား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။