မိုးညှင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဒေသခံကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ

မိုးညှင်း   ဒီဇင်ဘာ   ၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပ​ဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဒေသခံကျေးရွာ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ခရိုင်/မြို့နယ် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာသုံးရွာသို့ ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီလွင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများသည် ဆယ်မိုင်းကျေးရွာအုပ်စု ဆယ်မိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအနီး ဓမ္မာရုံ၌လည်းကောင်း၊ ညောင်ကိုင်းကျေးရွာအုပ်စု ညောင်ကိုင်းကျေးရွာ အ.လ.ကကျောင်း၌ လည်းကောင်း၊ နန့်ပုတ်ကျေးရွာအုပ်စု နန့်ပုတ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လည်းကောင်း ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ တောင်သူများ အတွက် ချေးငွေကိစ္စရပ်များ၊ စိုက်ပျိုးရေးဆိုင်ရာများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပန်းခင်းအဆင့် (၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း လုပ်ငန်းဆောင်ရွက်ခြင်း ဆိုင်ရာများ၊ ကျန်းမာရေး ဆိုင်ရာများနှင့် ပညာရေးဆိုင်ရာများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဒေသခံကျေးရွာပြည်သူများက သိရှိလိုသည့်ကိစ္စရပ်များကို အသီးသီး ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လုပ်ငန်းကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း