Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးပေး
Dec 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ ထိုးနှံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကျေးရွာများအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ကွင်းဆင်း ဆောင်ရွက်
Dec 05,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာများသို့စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက လက်ပံကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်
Dec 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကိုယနေ့နံနက် (၉)နာရီအချိန်က ပလောက်မြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုဝင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းထောက်ပံ့ပေးအပ်
Dec 05,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တိုးချဲ့ရပ်ကွက် အကွက်အမှတ်(၄)၌ ဒီဇင်ဘာ (၃)ရက်နေ့က မီးလောင်မှုကြောင့် နေအိမ်(၁)လုံးပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါနေအိမ် အိမ်ထောင်စုဝင်အား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် (၁၁)နာရီက မီးဘေးသင့်ပြည်သူထံ သွားရောက်ထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်း လုပ်ငန်းများဆောင်ရွက်
Dec 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် အိမ်ထောင်စု (၁၃၂) စု လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကုန်းသာကျေးရွာတွင် လမ်းများကွန်ကရစ်ခင်းပေး
Dec 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု (၁၃၂) စု လူမှဘဝဖွံ့ဖြိုးတိုးတက်ရေး ကုန်းသာကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ်တွင် (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်သဖြင့် လူမှုဘဝများပိုမိုဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့၌ မွေးစမှအသက်တစ်နှစ်အောက်ကလေးများ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Dec 05,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့ပေါ် (၅) ရပ်ကွက်အတွင်းရှိ မွေးစမှ အသက်တစ်နှစ်အောက် မွေးကင်းစကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းဆောင်ရွက်
Dec 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစ အသက် (၄၅) ရက်မှ အသက် (၁၈) လအရွယ်အထိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု ဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13392
Page
13393
Page
13394
Page
13395
Current page
13396
Page
13397
Page
13398
Page
13399
Page
13400
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department