အမြို့မြို့အနယ်နယ်သတင်းများ

Dec 06,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်နေပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက အင်းယင်းကျေးရွာအုပ်စု၊ အင်းယင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
Dec 06,2022
စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုလောမြို့နယ်ရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီ၌ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
Dec 06,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့်အတူ တိုင်း/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဖာလင်ကျေးရွာအုပ်စုရှိ “လူငယ်ဘဝပြုစုပျိုးထောင်ရေးအသင်း” သို့သွားရောက်၍ တာဝန်ရှိသူများနှင့် တွေဆုံခဲ့သည်။
Dec 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီက ကျော်လှကြီး ကျေးရွာအုပ်စု၊ ကျော်လှကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟော‌ပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 06,2022
ကျေးလက်နေပြည်သူများသည် အများအားဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် မိရိုးဖလာစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည်။ အချို့တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းအပြင် နွား၊ ဆိတ်၊ သိုး၊ ဝက် စသည့်များကို တွဲဖက်မွေးမြူလာကြကြောင်း သိရသည်။
Dec 06,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ ရာဇမုနိကျောင်းတိုက်သို့ သွားရောက်၍ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီဖြစ်သော မကွေးမြို့ ရာဇမုနိကျောင်းတိုက်၏ ဦးစီးပဓာန နာယက နိုင်ငံတော် သြဝါဒါစရိယ  မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေလာသ သက်တော်ရှည်ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ဖူးမျှော်ကြည်ညိုကာ၊ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပန သာဓုကီဠနသဘင်အတွက် လိုအပ်ရာဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝတ္ထုငွေကျပ်(၅၀)သိန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။
Dec 06,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို ယမန်နေ့ညနေ ၃ နာရီက ပုလော မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့သည်။