Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ ကျင်းပ
Oct 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးရွာမြေငှား ဂရန်ပေးအပ်ပွဲကို အောက်တိုဘာ ၁၈ နံနက် ၁၀ နာရီက ပေါင်လင်းကျေးရွာအုပ်စု၊ နံကင်ကျေးရွာတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
Oct 19,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့တော်အား သန့်ရှင်းသောမြို့၊ စိမ်းလန်းသောမြို့ဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့အဝင်လမ်းတစ်လျှောက်နှင့် အားကာသိပ္ပံကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ-ထိုင်းနယ်စပ် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး အစည်းအဝေးကျင်းပ
Oct 19,2025
မြန်မာ-ထိုင်းနယ်စပ် ရေကြီးရေလျှံမှုများမှ ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်းတလျှောက် ချောင်းတူးဖော်ရေးနှင့် မြေထိန်းနံရံပြုလုပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၇ ရက်နံနက်ပိုင်းက တာချီလိတ်မြို့၊ လမ်းဦးစီးရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး ပြည်…
Oct 19,2025
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲနှင့် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ဒီးမော့ဆိုမြို့နယ်တွင် ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများနှင့်တွေ့ဆုံအားပေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နို…
Oct 19,2025
နယ်မြေဒေသအခြေအနေများ ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်သည့် ဒီးမော့ဆိုမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်း ပြည်သူများပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက်နေသည့် ပြည်သူများအား စနစ်တကျ နေရာချထားပေး နိုင်ရေးအတွက် အောက်တိုဘာ ၁၈ ရက်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဒီးမော့ဆိုမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်သူများနှင့် တွေ့ဆုံ သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅−၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် ဆွေးနွေးပွဲအခမ်းအနား တက်ရောက်
Oct 19,2025
၂၀၂၅−၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်…
Oct 19,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ်၊ (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အ…
Oct 19,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ပန်းဘဲတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
130
Page
131
Page
132
Page
133
Current page
134
Page
135
Page
136
Page
137
Page
138
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department