တောင်ကြီး မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းမဖွင့်မီ ကျောင်းပတ်ဝန်းကျင်စစ်ဆေးခြင်းနှင့် ကျောင်းရှိရေအုတ်ကန်များအား အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို မေ ၁၉ ရက် မွန်းလွဲ ၂ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ထိုသို့ ကျန်းမာရေးစစ်ဆေးခဲ့ရာတွင် ခရိုင်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူတို့က ရေစည်ရေအိုးများလဲလှယ်ခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများ ရှင်းလင်းခြင်း စသော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျောင်းရှိရေအုတ်ကန်များအား အဘိတ်ဆေးခပ်ခြင်း၊ ကျောင်းသုံးအိမ်သာများ၊ အပေါ့စွန့်သန့်စင်ခန်းများ၊ အမှိုက်ကျင်းများအား သန့်ရှင်းမှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)