မိုင်းယောင်း မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မေ ၁၈ ရက်က ဟောင်ကြန့်အုပ်စု၊ ဟောင်ကြန့်ကျေးရွာ၌ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပခဲ့သည်။
ပြည်သူ့စကားဝိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုကို ဆွေးနွေးပြီး တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများ၊ ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ဆွေးနွေးခဲ့ကြသည်။
စိုင်းအောင်ဇော်လင်း