ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

ကဝ မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား အများပြည်သူကြည့်ရှုလေ့လာသိရှိနိုင်ရန်ရည်ရွယ်၍  မြေစိုက်နံရံကပ်ဘုတ်တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏အသက်အရွယ်၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်း၊ အန္တရာယ်ရှိသည့် လုပ်ငန်း/အလုပ် ၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေး စသည့်အချက်များပြသထားရာ ပြည်သူများမှ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ကြသည်။

ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် သိသင့်သိထိုက်သည့် အသိပညာပေး အကြောင်းအရာများအား စဉ်ဆက်မပြတ် လဲလှယ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)