မူဆယ် မေ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ် မိတ်ဆက်ခြင်းနှင့် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တော်ရွက်ရပ်ကွက်ရှိ လူငယ်ဇရပ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မိုးက ပြည်သူများနှင့် မိတ်ဆက်ပြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို တစ်ဦးချင်းမိတ်ဆက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မိမိတက်ရောက်ခဲသည့် ပြည်ထောင်စုလွှတ်တော် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနော်တောင်နှင့် ဦး M အောင်ဂျာတို့ ပြည်နယ်လွှတ်တော်အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသော ပြည်သူများက တင်ပြလာသည့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ဘာသာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်များမှ ပြည်သူများ၊ အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးအသင်းအဖွဲ့ဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)