လယ်ဝေးမြို့နယ်လုံးဆိုင်ရာ အကြိမ်(၄၀)မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲ ကျင်းပ

လယ်ဝေး မေ ၂၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာမြို့၊ သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုမာရဦးစီး၍ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်းအား မေလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းအား အကြိမ်(၄၀)မြောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာစာမေးပွဲအား ယမန်နေ့က စတင်ကျင်းပခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ၈၅ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ ဖြေဆိုသည့်ဘာသာရပ်များမှာ ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ၊ ဗုဒ္ဓဘာသာမြန်မာစာဘာသာနှင့် အဘိဓမ္မာဘာသာတို့ဖြစ်ပြီး စာမေးပွဲကာလမှာ မေ ၁၈ ရက်မှ ၃၀ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)