ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာ ပန်းချီပြိုင်ပွဲ ကြည့်ရှုအားပေး

တောင်ကြီး မေ ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မေ(၁၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ နောင်လေကျေးရွာအုပ်စု၊ မဲတောင်းကျေးရွာရှိ တောင်ကြီးကွန်ပျူတာတက္ကသိုလ် LAB ခန်းမ၌ ကျင်းပသော အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် ကွန်ပျူတာပန်းချီပြိုင်ပွဲကို “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပအနာဂတ်ဘဝ”၊ “လွယ်လွယ်နဲ့ရ သုံးစွဲကြ မူးယစ်သားကောင်ဖြစ်နေရ၊ ဝိုင်းဝန်းကာကွယ်တားဆီးမှ”၊  "မူးယစ်ကင်းစင် - တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြ - လုံခြုံလှ”၊ “နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့”၊ “ဗလ ငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကိုတိုက်ဖျက်စို့”၊ “အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့၊ “ BREAK THE CYCLE. #STOP ORGANIZED CRIME ” စသည့် ခေါင်းစဉ်များဖြင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄)ဦး၊ အလယ်တန်းအဆင့်(၂၂)ဦး ပါဝင်ယှဉ်ပြိုင်ကြ​ပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၆ ခုနှစ်ဇွန်လ (၂၆) ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)