စလင်း မေ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမဆောင်တွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ အသိပါဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မေလ ၁၉ ရက်နေ့မွန်းလွဲ ၁ နာရီအချိန်က လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စလင်းမြို့နယ်ရုံးမှ ဒုဦးစီးမှူး ဦးစိုးမိုးသူက လူကယ်ရေးရာအသိပညာပေး ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးငယ်များ လူကုန်ကူးမှုခံရခြင်းမှ ကင်းဝေးစေရန်၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရခြင်းမှ ကင်းဝေးစေရန် သတိထားသင့်သည့် အချက်များ၊ သတိပြုရမည့်သူများ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူစုဆောင်းသည့်နည်းလမ်းများစသည့် အသိပညာပေး အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာအုပ်ပြပွဲနှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော နံရံကပ်စာစောင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါအသိပညာပေးပွဲသို့ အခြေခံပညာကျောင်းများမှ Grade-9 ကျောင်းသား/ ကျောင်းသူ(၂၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)