သပိတ်ကျင်း မေ၂၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာ စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀က အခြေခံပညာအထက်တန်းကျောင်းဝင်းရှေ့တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သပိတ်ကျင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေးက "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ခေါင်းစည်းစာသားပါ မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့သည်။ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်လဝကဦးစီးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သပိတ်ကျင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက အသီးသီးပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အဆင့် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက ကဘဲ့လမ်းဆုံ နေရာတွင် ဆက်လက်ကျင်းပခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့ယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက အဆိုပါမြေစိုက်ပိုစတာကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)