ပြည်ကြီးတံခွန်မြို့နယ် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက် ပိုစတာစိုက်ထူ

ပြည်ကြီးတံခွန် မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲက ၁၁၅ လမ်း၊ ၆၀×၆၁ လမ်းကြား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး‌ရှေ့တွင်လည်းကောင်း၊ ၁၂၈လမ်း၊ ၆၂ လမ်းရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့၌လည်းကောင်း၊ ၁၃၅ လမ်း၊ ၆၀Eလမ်း၊ (ဈ)ရပ်ကွက်ရှိ အမှတ်(၂၇)အခြေခံပညာကျောင်းရှေ့တွင်လည်းကောင်း ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေကလေးအရွယ် အားလုံးကျောင်းအပ်နှံကြပါစို့ ခေါင်းစဉ်ပါ ကျောင်းအပ်နှံရေးသီတင်းပတ်မြေစိုက်ပို စတာစိုက်ထူခဲ့သည်။

အဆိုပါ မြေစိုက်ပိုစတာ စိုက်ထူပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာနိုင်နှင့် (၁၈) ရပ်ကွက်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများက ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာကို အမွှေးနံသာ‌ရည်များ ပက်ဖျန်းခဲ့ကြသည်။

ကျောင်းအပ်နှံရေးကိုလည်းလာမည့် ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ‌ပြည်ကြီးတံခွန်မြို့နယ်၊ (၁၈)ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ် စတင်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)