ပျော်ဘွယ် မေ ၂၁
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူပွဲကို မေလ ၂၁ ရက် နံနက် ၈ နာရီက ရန်ကုန်-မန္တလေးကားလမ်းမဘေး၊ မြို့နယ်ပညာရေးမှူးရုံးအနီး၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်ပါဝင်သည့်ဆိုင်းဘုတ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးမွန်နှင့် ဆရာ၊ဆရာမများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက စုပေါင်းစိုက်ထူပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၄၁ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၄ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၄ ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း ၁ ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း ၁ ကျောင်းရှိပြီး ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ ၂၅ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ ကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံသွားဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)