လယ်ဝေးမြို့နယ်၊ ရှားချောင်းရွာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းဝင် တောင်သူများအား တဆက်တစပ်တည်း လယ်ယာ‌မြေအဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းဆွေးနွေး

နေပြည်တော် မေ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ရှားချောင်းကျေးရွာအုပ်စုမှ စိုက်ပျိုးထုတ်လုပ်ရေးသမအသင်းများအား ရှားချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည်စိုးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ရှားချောင်းစိုက်ပျိုးထုတ်လုပ်ရေးသမအသင်းနှင့် ကောင်းသစ်စံစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းသား တောင်သူများအား တဆက်တစပ်တည်းလယ်ယာမြေ အဆင့်မြှင့်တင်ပြီးစနစ်တကျစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းပိုမိုကောင်းမွန်ရေးတို့ကို ကွင်းဆင်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)