ညောင်ရွှေ မတ် ၁၆
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် ဆက်လက်ဖြေဆိုရာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်းရှိ စာစစ်ဌာန ၇ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၆၉ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၆ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ၁၆၉ ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့် ၉၀.၈၆ ရာခိုင်နှုန်းရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၂)၊ အ.ထ.က-ဘုရားတောင်ရေဆိပ်၊ အ.ထ.က-အင်းပေါခုံ၊ အ.ထ.က-မင်းချောင်း၊ အ.ထ.က-မိုင်းသောက်၊ အ.ထ.က-ဟဲယာရွာမနှင့် အ.ထ.က-အင်းယား စာစစ်ဌာနများ၌ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းနှင့် အ.ထ.က(၁) စာစစ်ဌာနနှင့် အ.ထ.က-ခေါင်တိုင် စာစစ်ဌာနတို့တွင် ပထဝီဝင်ဘာသာရပ် ဖြေဆိုသူမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းအယ်ဘဲ