တံတားဦးမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တံတားဦး မတ် ၁၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းတည့် (၁၂)နာရီက အ.ထ.က တံတားဦး၊ စာစစ်ဌာန ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုပြီးချိန်တွင် ကျောင်းသား၊ကျောင်းသူများအား   ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးကြကြောင်း သိရသည်။

လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုမောင်နှင့် ဝန်ထမ်းများက ဖြန့်ဝေပေးရာဖြစ်ရာ အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊  ပြည်သူချစ်သောတပ်မတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်  ပြောကြားခဲ့သည့်  မိန့်ခွန်းကောက်နုတ်ချက်နှင့် ၁၉၄၇-ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသည့်  ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့် ကောတ်နုတ်ချက်များနှင့် ကဗျာများ၊ ဆောင်ပုဒ်များကို အရောင်အသွေး စုံလင်စွာဖြင့် ဖော်ပြပါရှိကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)