အမှတ် (၃၅၉) အမြှောက်တပ်ရင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

နမ့်စန်() မတ် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၀ နာရီခွဲက မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာရှိ အမှတ်(၃၅၉)အမြှောက် တပ်ရင်းအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (နမ့်စန်)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ် မောင်မောင်သက်လွင်က ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများ၊ စက်ဘီးစီးသူများ၊ လမ်းလျှောက်သူများနှင့် ဆိုင်ကယ်စီးသူများ လိုက်နာရန်စည်းကမ်းများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အတွက် သတိပြု လိုက်နာရမည့်အချက်များနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စည်းကမ်းရှိစွာ စနစ်တကျ စီးနင်းမောင်းနှင်ရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၃၅၉)အမြှောက်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇေယျာဦးနှင့် အရာရှိစစ်သည်များ၊ မိသားစုဝင်များ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)