Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းရယ်မြို့ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 28,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ဟိတဓရလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မြို့မဈေးကြီးနှင့် ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ ကန်ထရိုက်လယ်ယာစနစ်( Contract Farming ) ဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်း…
Jun 28,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကရင် ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ခိုင်မေတ္တာ ဆန်စက်လုပ်ငန်းရှင် တို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးစပါး စိုက်ပျိုးသောတောင်သူများအား အကျိုးတူလယ်ယာ စနစ် ( Contract Farming ) ဆောင်ရွက်ခြင်း သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် စိုက်ပျိုးရေးစရိတ်ချေးငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ဘားကပ်ကျေးရွာရှိ ဘားကပ်နည်းပညာ ပြန့်ပွားရေးစင်တာတွင် ပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 28,2021
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့၌ စုပေါင်းမိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 28,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ သဘာဝပတ်ဝန်းကျင် ရာသီဥတု စိမ်းလန်းစိုပြေလာစေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက လူထုစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို အမှတ် (၁)ရပ်ကွက်၊ ဝမ်လုံကျေးရွာရှိ စေတီကုန်း၌ စိုက်ပျိုးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာအုပ်စာစောင်များ သွားရောက်လှူဒါန်း
Jun 28,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြောင်မထိမ်ကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာ၊ ရောင်ခြည်ဦးစာကြည့်တိုက်သို့ ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစောရဲဝင်းထွဋ် နှင့် ဘုရားသုံးဆူမြို့ မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဇင်မင်းထက်တို့က ယနေ့နေ့နက် ၁၁ နာရီအချိန် က စာအုပ်စာစောင်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုယ-မန်အွယ်ရွာသွားလမ်းပေါ်ရှိ သံဘောင်ဘေလီတံတား အသစ်ပြန်လည် တည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Jun 28,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ရှိ ဟိုယ-မန်အွယ်ရွာသွားလမ်းပေါ်ရှိ သံဘောင်ဘေလီ တံတားအသစ်(၁)စင်းနှင့် ကမ်းကပ်ခုံတည်ဆောက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့၊ မြို့နယ်စီမံကိန်းဦးစီးမှူးတို့က ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် အလှူရှင်များမှ Oxygen အိုးများ လှူဒါန်း
Jun 28,2021
လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း၊ မိုးလုံလေလုံခန်းမ၌ ယနေ့နံနက် (၁၀)နာရီခွဲအချိန် က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် Oxygen အိုးများ လာရောက်လှူဒါန်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသွားအလာ ကန့်သတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ နေရပ်ပြန် မြန်မာသင်္ဘောသား ခြောက်ဦးအား ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကြပ်မတ်ကုသလျက်ရှိ
Jun 28,2021
ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားကာ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် နေရပ်ပြန် မြန်မာသင်္ဘောသား အမျိုးသားခြောက်ဦးအား ကော့သောင်းခရိုင် ပြည်သူ့ ဆေးရုံကြီး၊ သီးသန့်ဆောင်တွင် အထူးကြပ်မတ် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26673
Page
26674
Page
26675
Page
26676
Current page
26677
Page
26678
Page
26679
Page
26680
Page
26681
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department