တပ်ကုန်း မတ် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာ၊ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတွင် ဒုတိယအကြိမ်မြောက် နွေရာသီ ကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရိ ခွင့်ပြုပြီး၊ ကင်းသာကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း၊ ကျေးရွာအုပ်စု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးပိုတို့က ကြီးကြပ်မှုဖြင့် မတ်လ ပထမပတ်က အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ဖွင့်လှစ်သင်ကြားသည်။
“ကျွန်မတို့ ကလေးတွေကို နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေချင်တဲ့ ဆန္ဒနဲ့ယဉ်ကျေးမှုသင်တန်းကို တက်ခိုင်းရခြင်း ဖြစ်ပါတယ်၊ အသွားအပြန် ကြိုပို့ တော့ နည်းနည်းတော့လုပ်ရပါတယ်၊ အခုလိုကိုယ့်ကျေးရွာအတွင်းမှာ ယဉ်ကျေးမှုသင်တန်းတက် ရောက်ခွင့်ရလို့ ဝမ်းသာရပါတယ်၊ ကလေးတွေအတွက်လည်း သက်ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစားတတ်တဲ့ အကျင့်လေးတွေရရှိလာပါတယ်” လို့ ယဉ်ကျေးလိမ္မာသင်တန်းတက် ရောက် သည့် မောင်ရဲမင်းထွေး၏ မိခင် ဒေါ်အေးလှိုင်က ပြောပြသည်။
အဆိုပါသင်တန်းကို ကင်းသာကျေးရွာနှင့် ၁မိုင် ကျောက်ကွင်းမှ ကျောင်းသားကလေးငယ် စုစု ပေါင်း ၁၈၀ ဦးထိ တက်ရောက်လာပြီး၊ သင်တန်းကို မတ် ၈ ရက်မှ ၂၀ ရက်ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄နာရီထိ သင်တန်းနည်းပြ ဆရာ/ဆရာမစုစုပေါင်း ၁၆ ဦးဖြင့် အခြေခံဗုဒ္ဓ ဘာသာရပ်၊ ယဉ်ကျေးခြင်းဆိုင်ရာနှင့် သုံးဆယ်ရှစ်ဖြာ မင်္ဂလာတော်များ သင်ကြားပေးကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)